Monday, April 25, 2011

အမေ့အိမ်မှကျေးဇူးတင်စကား.....


Tuesday, April 26, 2011


အမေ့အိမ်မှကျေးဇူးတင်စကား။

သင်္ကြန်အပြီးမှာ ပြင်ဆင်တိုးချဲ့  ဆောက်လုပ်ပြီး အမေ့အိမ်ပညာဒါနကျောင်းကို အားလုံး ၀မ်းသာရအောင် တင်ပေးလိုက်ပါတယ်။ သင်္ကြန်တွင်းမှာ ကျောင်းကော်မတီဝင်တွေ အနားမယူပဲ လုပ်အားပေးခဲ့လို့ အမေ့အိမ်ဟာ အခုဆို တိုးတက်ကျယ်ဝန်း လာခဲ့ပါပြီ။ ပိုပြီး သပ်ရပ်ကျယ်ဝန်းလာတဲ့ အမေအိမ့်မှာ တိုင်းပြည်ရဲ့  ရတနာလေးတွေ အေးချမ်းစွာ ပညာသင်ယူနေကြပါပြီ...။

(၁) ကျောင်းကော်မတီရဲ့  ကြိုးစားအားထုတ်မှု
(၂) အလှူရှင်များရဲ့  စေတနာထက်သန်မှု
(၃) ကျောင်းသားမိဘတွေရဲ့  ၀ိုင်းဝန်းကူညီမှု
(၄) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ နားလည်လက်ခံပေးမှု

တို့အပေါ်အထူးကျေးဇူးတင်ပါကြောင်း မင်္ဂလာရှိတဲ့ နှစ်သစ်ဦး မှာ အားလုံးရဲ့ ကိုယ်စားပြောပါရစေ။ ကျောင်းကော်မတီဝင်များရဲ့  ပြောကြားချက်အရ Summer Course အားလုံးကို May 29th မှကျောင်းဆင်း လက်မှတ်အပ် နှင်းပွဲနဲ့ ဆရာကန်တော့ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ ပညာသင်နှစ် သင်တန်းတွေကိုတော့ 1st June နေ့မှပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ 1st June မှ Computer သင်တန်းကိုလည်း စတင် သင်ကြားပေးနိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ်

Saturday, April 23, 2011

ဒေါ်အောင်ဆန်းစုကြည်ကို ပျော့တယ်၊မာတယ်၊ အားမရဘူး လို့ပြောနေသူတွေ ဖတ်ဘို့

ပုဇင်းရင်ကွဲအော်သံများ

မကြာသေးခင်တုံးက အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး သီအိုရီများစွာ၊ နည်းလမ်းများစွာကို ရေးသားခဲ့သူ ဒေါက်တာ ဂျင်းရှပ်ရဲ့ အင်တာဗျူးတခုကို ဘီဘီ ကနေ ပြန်လည်ထုတ်လွှင့်ပေးခဲ့တယ်။ အင်မတန်ကောင်းမွန်တဲ့ အမေးအဖြေတွေပါ။ “ အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ ပါးတချက်ရိုက်ခံရရင် နောက်ထပ်ပါးတချက် ထိုးပေးတဲ့အလုပ်မျိုးမဟုတ်ပါဘူး။ သိတ်တော့ မအနဲ့ပေါ့ဗျာ။ အာဏာရှင်ဆိုတာက နည်းပေါင်းစုံနဲ့ ဖြိုခွဲဖိနှိပ်မှာပဲ။ ကိုယ့်ဘက်က စံနစ်တကျပြန်လည်ပြင်ဆင်ဖို့လည်း လိုတာပေါ့” တဲ့။ မှန်တာပေါ့။ အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ

Friday, April 22, 2011

စံပြအကျဉ်းသား



အနက်ရှိုင်းဆုံး ပင်လယ်ပြာရဲ့ ရင်ဘတ်မှာ
အခိုင်အမာစိုက်ထူထားတဲ့
အမျှော်လင့်ဆုံးမိုးကောင်းကင်ရဲ့ ကျောက်စာတစ်ချပ် ။
လွတ်မြောက်ရေးအတွက်
မလွတ်မြောက်တဲ့ ဘ၀နဲ့
လွတ်မြောက်မဲ့ ဘ၀တွေရဲ့ အဖြည့်ခံပြယုဂ် ။
အဖိနှိပ်ခံ လူတန်းစားရဲ့

Thursday, April 21, 2011

သမိုင်းစစ်ကိုဖော်ထုတ်ခြင်း..

Thursday, April 21, 2011


သမိုင်းစစ်ကိုဖော်ထုတ်ခြင်း

မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော အာဇာနည်ကြီးများ၏ သမိုင်း၊ အတ္ထုပ္ပတိ၊ ရာဇ၀င် အမည်နာမများကို ယခုမျိုးဆက်သစ်ကလေးငယ်များ အတော်များများတို့သည် မသိရှိကြချေ။ အဘယ့်ကြောင့်နည်း သမိုင်းများကို ဖုံးကွယ်ထားခြင်းကြောင့်လား။ သမိုင်းများကို ဖျောက်ဖျက်ထား ခြင်းကြောင့်လား။ သမိုင်းများကို လစ်လျှူရှုထားခြင်းကြောင့်လား။ သမိုင်းများကို ထိမ်ချန်ထားခြင်း ကြောင့်လားတော့ မသိချေ။

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တစ်ဦးဖြစ် သော

Thursday, April 14, 2011

၂၀၁၁ ပီနန် သင်္ကြန်

13 April, 2011
Photobucket





Photobucket

Photobucket

Tuesday, April 12, 2011

ထိုင်းတက္ကသိုလ် အချိုသို့ မြန်မာ-ထိုင်း နယ်စပ်မှ တက်ရောက်နေသည့် မြန်မာဦးရေမှာ အခြားနိုင်ငံသား များထက်ပိုမို


မျှဝေတင်ပြသူ လူသစ်.အမရပူရ

မြန်မာ-ထိုင်းနယ်စပ် အနီးတစ်ဝိုက်ရှိ ထိုင်းတက္ကသိုလ် အချို့သို့ တက်ရောက်နေသည့် မြန်မာဦးရေမှာ အခြားနိုင်ငံသားများ ထက် ပိုမိုကြသည် ဟု မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့ များတွင် ပြုလုပ်သည့် Thai Education Fair 2011 တွင် ပါဝင်ခဲ့သည့် ထိုင်းတက္ကသိုလ်ကြီးများ၏ သတင်း အချက်အလက်များအရ သိရှိရပါ သည်။

အကြောင်းမှာ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ် အနီးတစ်ဝိုက်မှ ထိုင်းနိုင်ငံပညာရေးကို နှစ်သက်သည့် မြန်မာကျောင်းသားများက ထိုင်းတက္ကသိုလ်များသို့ တက်ရောက်လေ့ရှိကြပြီး ဘန်ကောက်နှင့် ဖူးခက်ရှိ တက္ကသိုလ်ကြီးများ၏ ရုံးခွဲများက နယ်စပ် မြို့များတွင် ၀န်ဆောင်မှုလုပ်ငန်းများ အဖြစ်

မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားသူ

မျှဝေတင်ပြသူ လူသစ်.အမရပူရ

ဗိုလ်ချုပ်အောင်ဆန်းသည် “မိမိတကိုယ်ရည် အကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးထိပ်ထားသူ” ဖြစ်သည်။ ခေါင်းဆောင်မှုပညာရပ်အလိုအရ “Putting the organization’s interests before personal interests” သဘောတရားနှင့် ဗိုလ်ချုပ်သည် လုံးဝကိုက်ညီသည်။ သူအတွက် “လွတ်လပ်ရေးပထမ၊ လွတ်လပ်ရေးသည်ဒုတိယ၊ လွတ်လပ်ရေးသည်တတိယ” သာဖြစ်ခဲ့သည် မဟုတ်ပါလား။

ခေတ်ကာလတလျှောက် နိုင်ငံစုံ၊ နယ်ပယ်စုံတွင် ခေါင်းဆောင်များရှိခဲ့ကြသော်လည်း ခေါင်းဆောင်အများအပြားသည် မိမိတို့ပန်းတိုင်ရောက်ရေးကိုသာ ဦးစားပေးတတ်ပြီး နိုင်ငံပန်းတိုင်ရောက်ရေး၊ မိမိအဖွဲ့အစည်းပန်းတိုင်ရောက်ရေးကို နောက်တွင်ထားသူများဖြစ်သည်။ နိုင်ငံ (သို့) အဖွဲ့အစည်း ပန်းတိုင်သို့ ချီတက်ရာတွင် အဖွဲ့အစည်းနှင့် နိုင်ငံ ပန်းတိုင်မရောက်မီ ကာယကံရှင်ခေါင်းဆောင်က ပန်းတိုင်သို့ ကြိုရောက်သွားသည့် အဖြစ်အပျက်များကို ကမ္ဘာ့နိုင်ငံရေးသမိုင်း၊ စီးပွားရေးသမိုင်းများတွင် များစွာတွေ့ခဲ့ရသည်။ ဗိုလ်ချုပ်မှာ မိမိပန်းတိုင်ရောက်ရေးထက် နိုင်ငံပန်းတိုင်ရောက်ရေးကိုသာ ဦးထိပ်ထားသူ ခေါင်းဆောင်ကောင်းဖြစ်သည်။

ခေါင်းဆောင်လုပ်ရမှသာ အဖွဲ့အစည်းအတွက် ကြိုးစားအားထုတ်သည်မဟုတ်ဘဲ နောက်လိုက်နေရာနေရလျှင်လည်း ဗိုလ်ချုပ်သည် ကျရာနေရာမှ အစွမ်းကုန်ကြိုးပမ်းသူ ဖြစ်သည်။ မိမိသာ ခေါင်းဆောင်နေရာမှ မနေရလျှင် ဖျက်လိုဖျက်ဆီးလုပ်လိုသည့် “မင်းသားကြီးမလုပ်ရလျှင် ပတ်မကြီးထိုးဖောက်မည့်စိတ်” ဗိုလ်ချုပ်တွင် လုံးဝမရှိပါ။ တက္ကသိုလ်ကျောင်းသားဘ၀က ဥက္ကဌဖြစ်သင့်သော်လည်း အခြားကျောင်းသားကြီးတယောက် အရွေးခံလိုက်ရပြီး ကိုအောင်ဆန်းမှာ ဒုဥက္ကဌသာ ဖြစ်ခဲ့သည်။ ခြေထိုးခံရသည်ဟု ယူဆကာ သူငယ်ချင်းများက မကျေမနပ်ဖြစ်ခဲ့ကြသော်လည်း ကိုအောင်ဆန်းကိုယ်တိုင်မှာမူ ကဖျက်ယဖျက်စိတ် လုံးဝမရှိဘဲ အဖွဲ့၏ကျရာတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည်။ ယင်းကိုကြည့်လျှင် သူ့တွင် ကုလားထိုင်လုလိုစိတ် လုံးဝမရှိကြောင်း တွေ့ရသည်။ အဖွဲ့အစည်းကောင်းစားရေးအတွက် မိမိ၏အတ္တကို အလွယ်တကူ ချိုးနှိမ်နိုင်သည့်သူပင်ဖြစ်သည်။

ဗိုလ်ချုပ်သည် နိုင်ငံ့အရေးသာ ဦးစားပေးပြီး မိမိအကျိုးစီးပွားကို မဖွေရှာသဖြင့် ၄င်းနှင့်ဆက်ဆံရသည့် နိုင်ငံခြားသား ဗိုလ်ချုပ်များကပင် လေးစားကြရသူဖြစ်ကြောင်း အောက်ပါစာပိုဒ်က သက်သေထူနေသည်။
“မြန်မာပြည်ရောက် ဂျပန်စစ်တပ်များ၏ ပထမဆုံးသေနာပတိချုပ် အီးဒါး (Lt. General Iida) က အောင်ဆန်းသည် ငွေလည်းမမက်၊ အာဏာလည်းမမက်၊ တကိုယ်ကောင်းလည်းမဆန်၊ ဒါကြောင့် ဂျပန်တွေက သူ့ကိုလေးစားသည်” ဟု ပြောဖူးသည်။ (အောင်ဆန်းမိသားစု-၁၇၀)

ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးနှင့်စည်းရုံးရန် မြန်မာနိုင်ငံ ဘုရင်ခံဒေါ်မန်စမစ်က ကြိုးစားသော်လည်း မရခဲ့ကြောင်းကို “အောင်ဆန်းမိသားစု” စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။

“ထိုအချိန်ထိ ဘုရင်ခံဒေါ်မန်စမစ်သည် အောင်ဆန်းအကြောင်း ကောင်းစွာမသိသေးပေ။ ယခင်ကတွေ့ဖူးသော ခေါင်းဆောင်များကဲ့သို့ အောင်ဆန်းကိုလည်း ရာထူးနှင့်ဆွယ်(၀ါ)သယ်၍ ရလိမ့်မည်ဟု ထင်နေပုံပေါ်သည်။ ထို့ကြောင့် အောင်ဆန်းအားပြန်ပြောမည့် မိတ်ဆွေတယောက်ကို I like Aung San very much. I don’t mind taking him into the Executive Council or giving him a big post.

ကျွန်ုပ်အောင်ဆန်းကို အလွန်သဘောကျသည်။ သူ့အား ၀န်ကြီးတနေရာဖြစ်စေ၊ ရာထူးကြီးတခုဖြစ်စေ ပေးဖို့မခဲယဉ်းပါဘူး” ဟုပြောသည်။ ထိုသတင်းကြားပြီးသောအခါ အောင်ဆန်းက ကျနော့်အား “ဘုရင်ခံက ကျနော့်ကို ဘယ်လိုလူစားမျိုးများ အောက်မေ့နေလဲ မသိပါဘူး” ဟုပြောသည်။

အင်္ဂလိပ်ကဖွဲ့ပေးသည့် Burma Army ဗမာ့တပ်မတော်အတွင်းသို့ ဖက်ဆစ်ကိုတော်လှန်ခဲ့သော တပ်မတော် PBF ကို ပြောင်းလဲထည့်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ်ရာထူး (Brigadier General) ဖြင့် ဒုတပ်မတော်စစ်ဆေးရေး အရာရှိချုပ် ရာထူးထမ်းဆောင်ရန် ဗြိတိန်အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်ချုပ်သည် တဦးတည်းမဆုံးဖြတ်။ သူပါဝင်နေသည့် ဖ.ဆ.ပ.လ အဖွဲ့ချုပ်နှင့် မျိုးချစ်ဗမာ့တပ်မတော်သို့ ထိုကမ်းလှမ်းချက်ကို တင်ပြပြီး အများ၏ အဆုံးအဖြတ်ကို နာခံကာ ရာထူးကိုလက်ခံခြင်းမပြုဘဲ နိုင်ငံလွတ်လပ်ရေးအတွက် ပိုမိုစွမ်းဆောင်နိုင်မည့် ဖ.ဆ.ပ.လ ကိုသာ ပုံကာ ရွေးချယ်ခဲ့သည်။ ထိုသို့ လက်ရှိရာထူးမှ ထွက်လိုက်သည့်အတွက် ဗိုလ်ချုပ်စားဝတ်နေရေး အတော်ကျပ်တည်းသွားခဲ့သည်။

လော့ဒ်မောက်ဘက်တန်ထံသို့ ဗိုလ်ချုပ်၏ ပြန်စာမူရင်းမှ ကောက်နုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
I have placed before my colleagues in the AFPFL and the PBF your offer to appoint me in the Burma Army... I regret yery much that I shall not be able to serve further in the Army. But this is the majority decision, and I must abide by it. (အောင်ဆန်းမိသားစု-စာ ၁၈၃)

၁၉၄၇ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ (ဗိုလ်ချုပ်ကျဆုံးပြီး ၁၀ ရက် အကြာ) လွှတ်တော်တွင် “ကြေကွဲဝမ်းနည်းကြောင်းအဆို” ကို ၀န်ကြီးချုပ်ဟောင်း ဦးနု တင်သွင်းရာတွင်- “ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲနဲ့ တခြားက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့လူစားမျိုး၊ အဲဒီလိုလူစားမျိုး တယောက်ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တသက်မဟုတ်ဘူး ဆယ်သက်မကုန်နိုင်အောင် ပစ္စည်းတွေ စုနိုင်တယ်၊ အဲဒီအထိဖြစ်နိုင်တယ်။ ဂျပန်ခေတ်တုန်းက ဒီလိုရတဲ့ သြဇာ အရှိန်အ၀ါတွေကို အလွဲသုံးစားပြုပြီးတော့ ပိုက်ဆံတွေဟာ သုံးမကုန်လောက်အောင် စုသွားကြတဲ့ လူတွေအကြောင်းကိုလည်း ဒီမှာကြွလာတဲ့အမတ်မင်းတွေ အသိပါပဲ” ဟု ပြောကြားခဲ့သည့် စကားတွင်လည်း ဗိုလ်ချုပ်၏ကိုယ်ကျိုးမရှာ ပြည့်အကျိုးကိုသာ ရှာခြင်းကို မြင်တွေ့ရမည်။ (အောင်ဆန်းမိသားစု-စာ ၁၇၀)

ဗိုလ်ချုပ်မဖြစ်မီ ကိုအောင်ဆန်းဘ၀ကပင် နိုင်ငံ့အကျိုးကိုသာ ရှေးရှုခဲ့သည်။ ထိုခေတ်က ဘီအေအောင်လျှင် မြို့ပိုင်၊ နယ်ပိုင်စသည့် ရာထူးများအလွယ်ရနိုင်ပြီး သူဌေးသမီး ဥစ္စာပေါ ရုပ်ချောများကို ခေါင်းခေါက်ရွေးနိုင်သည့်တိုင် ဘီအေဘွဲ့ရကိုအောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်တွင်းသို့သာ ခြေစုံပစ်ဝင်ခဲ့သည်။

လူဆိုသည်မှာ ပုထုဇဉ်မှန်လျှင် အတ္တရှိသည်။ အတ္တကိုချိုးနှိမ်ပြီး မိမိဦးဆောင်ရသည့် အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်နိုင်ခြင်းသည် ခေါင်းဆောင်ကောင်း၏ အမှတ်လက္ခဏာပင်ဖြစ်ပြီး ထိုသူဦးဆောင်သော အဖွဲ့အစည်း (သို့) နိုင်ငံသည်လည်း ပန်းတိုင်သို့ ရောက်ရှိပေမည်။ ဗိုလ်ချုပ်အား မြန်မာပြည်သူများကလည်း လေးစားကြည်ညိုကြသလို နိုင်ငံသည်လည်း လွတ်လပ်ရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ခဲ့သည်။ ယင်းမှာ ဗိုလ်ချုပ်သည် “Putting the organization’s interests before personal interests” သဘောတရားနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသောကြောင့် ဖြစ်သည်။

THE VOICE WEEKLY VOL 6-NO.15
ဗိုလ်ချုပ်နှင့်ခေါင်းဆောင်မှုရှာပုံတော် (ဇေယျသူ) စာအုပ်မှ ထုတ်နှုတ်တင်ပြသည်။

Mary win music

ဦးသန့်အမှတ်တရ 4

မာသာထရီဇာ(ဦးသန့်ဆု)

ဦးသန့်အမှတ်တရ 1

ဦးသန့်အမှတ်တရ 2

ဦးသန့်အမှတ်တရ 3

ဇွဲနဲ့ အားမာန်

13 November, 2010
ကောင်ကင်မှာ
တိမ်ညိုမှိုင်းလာပေါ့
ရွာတော့မယ့်ဟန်
ရွာမယ်ဆို ရွာကာချပါတော့
တွန်းလှန်မယ့် မာန်

ဝေဟင်မှာ
လေမှုန် ဆင်လာပေါ့
တိုက်ခတ်မယ့် ဟန်
တိုက်မယ်ဆို

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် (မြန်မာဘာသာ)။

လူသစ်.အမရပူရ


မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ချင်းတောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင် တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ် များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။

ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်း မတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီ
အစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း

၁၂-၂-၄၇

ကချင်ကော်မတီ

ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)

ဇော်ရစ် (မြစ်ကြီးနား)

ဒိန်ရတန် (မြစ်ကြီးနား)

ဇော်လ (ဗန်းမော်)

ဇော်လွန်း (ဗန်းမော်)

လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ

ဦးလွှာမှုန်း (အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း)။

ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)။

ဦးကွယ်မန်း (အေတီအမ်၊ ဟားခါး)။

ရှမ်းကော်မတီ

ခွန်ပန်းစိန် (တောင်ပိုင်းစပ်ဖလုံ)၊

စပ်ရွှေသိုက် (ညောင်ရွှေစပ်ဖလုံ)၊

စပ်ဟုံဖ (မြောက်ပိုင်းသိန္နီစပ်ဖလုံ)၊

စပ်နွံ (လဲချား၊စပ်ဖလုံ)၊

စပ်စံထွန်း (မိုင်းပွန်စပ်ဖလုံ)၊

စပ်ထန်းအေး (သာမိုင်းခမ်းစပ်ဖလုံ)၊

ဦးဖြူ (သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်)၊

ခွန်းဖုံး (မြောက်ပိုင်းသိန္နီ)၊

ဦးတင်ဧ၊

ဦးထွန်းမြင့်၊

ဦးကြာပု၊

ဦးခွန်စော၊

စပ်ရစ်ဖ၊

ဦးခွန်ထီး။


ရှန်တိနိကေတန် (၉၀) (ဆရာကြီးပါရဂူ၏ ဈာပနခရီး မြင်ကွင်းဓာတ်ပုံများ)

Tuesday, April 12, 2011



ရှန်တိနေကေတန် (၉၀)

မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားပြီးလူအများ၏ ချစ်ခင်လေးစားခြင်းခံရသောစာပေပညာရှင် စာရေးဆရာကြီးပါရဂူ (ခ) ဦးလှကြိုင် အသက် (၉၀) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီတွင် အာရှတော်ဝန်ဆေးခန်း၌ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ် ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ဆရာပါသည် အမျိုးသားစာပေတစ်သက်တာစာပေဆုရှင်၊ ပါရဂူ ရှန်တိနိကေတန် စာကြည့် တိုက် တည်ထောင်ခဲ့သူ၊ မြန်မာစာပေသာမက (ဟင်ဒီ၊ ပါဋ္ဌိ၊ သက္ကတ၊ အင်္ဂလိပ်စာပေများ ကိုလည်း ကျွမ်းကျင် တတ်မြောက်သူဖြစ်ပြီး ယင်းစာပေများမှ မြန်မာစာဖတ်သူ ပြည်သူ/သားများအတွက် အတွေး အခေါ် စာကောင်းပေမွန်များစွာကိုလည်း ပြန်ဆိုရေးသားပေးခဲ့သူ၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေးကို စာပေဖြင့် ပေါင်းကူးပေးခဲ့သူ … စသည့်စသည့် ဂုဏ်ပုဒ်တွေ အများကြီးထဲမှ ထိပ်ဆုံးက ရှိနေသင့်တာကတော့ “ပရဟိတစာရေးဆရာကြီး” ဟူ၍ဖြစ်ပါသည်။ စာရေးဆရာဘ၀ဖြင့် နှစ်ပေါင်း (၆၀) ကျော် ကျင်လည်ခဲ့စဉ် တစ်သက်တာလုံး ဆရာပါရဂူ ရေးသားဟောပြောခဲ့သမျှမှာ အများအကျိုးဆောင်ခြင်းရဲ့ မြင့်မြတ်မှုကို အမြဲတစေ အမွှန်းတင်ခဲ့ပါသည်။ လူငယ်များကို အတ္တလျှော့ပြီး ပရကဲကြဖို့ အခွင့်ကြုံတိုင်း နှိုးဆော်ပါသည်။ ပရဟိတ လုပ်ဆောင်သူများကိုလည်း ဆရာပါရဂူက လေးလေးစားစား တန်ဖိုးထားခဲ့ပါသည်။
“မသေခင်တွေ့ရမည့် နတ်ချမ်းသာ”
ကောင်းမှုပြုလုပ်သူအတွက် ဆုပေးရန်နတ်ပြည်ကို၎င်း၊ မကောင်းမှုပြုသူအတွက် ဒဏ်ပေးရန် ငရဲပြည် ကို၎င်း မည်သည့်နေရာ၌မဆိုဖန်တီးဖို့ မခဲယဉ်းပေ။ ကောင်းမှုနှင့် မကောင်းမှုအတွက် ဤကမ္ဘာ လောက၌ပင် တုံ့ပြန်မှုဖြစ်ပေါ်မလာဘဲမနေပေ။ ဒိဗ္ဗသုခ နတ်ချမ်းသာ ဖန်တီးဖို့အတွက် တစ်ခု တည်းသော နည်းလမ်းမှာ သက်ရှိသတ္တ၀ါအားလုံးအပေါ်၌ ဂရုဏာထားခြင်းဖြစ်သည်။ တခြားလူများ၏ တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှုအတွက် အစွမ်းရှိသမျှ ကြိုးစားအားထုတ်ခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သည်ပိုးဆောင်ရွက်ရာလည်း ရောက်သည်။ တခြား သူများကို အကူအညီပေးခြင်းအားဖြင့် မိမိကိုယ်ကိုလည်း ကူညီရာရောက်သည်။ မိမိကိုယ်ကို အကူအညီပေးခြင်းအားဖြင့် တခြားသူများကို ကူညီရာလည်းရောက်သည်။
(ပါရဂူ)

ဆရာပါ၏ ဈာပနအခမ်းအနားတွင် စာပေ၊ ကာတွန်း၊ ပန်းချီ စသည့် နယ်ပယ်အသီးသီးမှ အနုပညာသမားများနှင့် ဆရာပါရဂူ၏ စာပေအနုပညာကို လေးစားချစ်မြတ်နိုးကြသော ပြည်သူလူထု အပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

Monday, April 11, 2011

စက်ရုံမှူး၊ ဗိုလ်ကြီးဟောင်းဆိုင်အတွင်းက ပစ္စည်းတွေကို လူအင်အားနဲ့ အတင်းဆွဲချ

 

ပြည်မြို့ သံတချောင်းလမ်း၊ ပြည်တက္ကသိုလ်ရှေ့က ဈေးဆိုင်ခန်းတွေကို အာဏာပိုင်တွေက စက်ရုံပိုင် ဆိုင်ခန်းဆိုပြီး ဆိုင်ရှင်တွေကို အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။
ဒီကနေ့ နေ့လည် ၃ နာရီကျော်လောက်မှာ စက်မှု (၁) လက်အောက်ခံ မြစန္ဒာရေခဲစက် စက်ရုံမှူး၊ ဗိုလ်ကြီးဟောင်း ဦးတင့်လွင်က ဆိုင်အတွင်းက ပစ္စည်းတွေကို လူအင်အားနဲ့ အတင်းဆွဲချပြီး ဆိုင်ရှင်တွေကို မောင်းနှင် ထုတ်ခဲ့တဲ့အတွက် ဒေသခံလူထုနဲ့ ရုပ်ရုပ်သဲသဲ ဖြစ်ပွားခဲ့တာပါ။

ဦးတင့်လွင်က ဆိုင်ရှိပစ္စည်းတွေကို ဆွဲချပြီး လမ်းမ,ပေါ်ကို လွှင့်ပစ် စုပုံချခဲ့ရာကနေ ပြဿနာ စတင်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပြပါတယ်။

“စက်မှု (၁) စက်ရုံမှူးလည်း ပါတယ်။ နောက် အာဏာပိုင် အဖွဲ့အစည်းတွေလည်း ပါတယ်။ ဒီဆိုင်ခန်းတွေကို သူတို့ပိုင်တယ်ဆိုပြီး ဘယ်တရားရုံးရဲ့ အခွင့်အာဏာမှ မပါဘဲ ပစ္စည်းတွေကို အကုန် ဆွဲချတယ်။ ဆိုင်ခန်းနေ ပြည်သူတွေကနေ ပြောတယ်၊ မတရားဘူးပေါ့။ တရားလက်လွတ်တွေ လုပ်နေပါတယ် တရားမျှတမှု မရှိဘူး၊ တရား ဥပဒေအတိုင်း သွားချင်ပါတယ်လို့ ပြောတဲ့အခါကျတော့ လူအုပ်က များလာတယ်။ အဲဒီကျမှ ညှိမယ် ညှိမယ်ဆိုပြီး ဖြစ်သွားတယ်”

လူလေးငါးရာလောက် စုရုံး ရောက်ရှိလာပြီး လမ်းပေါ်မှာ ပြည့်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဈေးတန်းမှာ စတိုးဆိုင်၊ ကွန်ပြူတာ စာကူးစက်ဆိုင်၊ စားသောက်ဆိုင် စတဲ့ ဆိုင်ခန်းပေါင်း ၃၅ ခန်းလောက် ရှိနေပါတယ်။ ဒီဆိုင်ခန်းတွေကို မြစန္ဒာရေခဲစက် ဝန်ထမ်းသက်သာ ချောင်ချိရေး ဆိုင်ခန်းတွေအဖြစ် မြေတနေရာကို ကျပ်ငွေ သိန်း ၅ဝ နဲ့ ဝယ်ယူပြီး ဆိုင်ခန်းတွေကို ကိုယ်ပိုင်ငွေနဲ့ ဆောက်လုပ်ခဲ့ရတာ ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တွေက အာအက်အေကို ပြောပါတယ်။

ဒါပေမယ့် ၂ဝဝ၈ ခုနှစ်က စတင်ပြီး ဒီဆိုင်ခန်းတွေဟာ စက်ရုံပိုင် ဆိုင်ခန်းတွေ ဖြစ်တဲ့အတွက် ဖယ်ပေးဖို့ စက်ရုံမှူး ဦးတင့်လွင်က ပြောဆိုလာခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၁ နှစ်ဆန်းပိုင်းမှာ ဆိုင်ခန်းပိုင်ရှင်တွေ စုပေါင်းပြီး “စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ မြစန္ဒာရေခဲစက်နဲ့ အမှု” ကို ကိုင်တွယ် စစ်ဆေးပေးပါရန် ဆိုပြီး ဗဟိုတရားရုံးချုပ်ကို တင်ပြ လျှောက်ထားခဲ့ပါတယ်။ ဗဟိုတရားရုံးချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမှုကို လက်ခံခဲပြီးခဲ့နောက် အခုလို စက်ရုံမှူး ဦးတင့်လွင့်က လူအုပ်နဲ့ အင်အားသုံး မောင်းနှင်ထုတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

                                                                                                                
ပြည်တွင်းမှပေးပို့သောသတင်း.....

                                                                       by... လူသစ်.အမရပူရ

ထာဝရမှတ်ကျောက်

ဒဏ်ရာဒဏ်ချက်များနဲ့
ခန္နာကိုယ်တစ်ခုလုံးကြေမွ
ဘ၀တစ်ခုလုံးကြေမွ
စုတ်တသတ်သတ်နဲ့
သနားနေတဲ့မျက်ဝန်းတွေ
ရှိနေဦးမလား.........
ထိုးနှက်တိုက်ခိုက်နေတဲ့

စစ်ဘီလူးခွေးကြီးသောင်းကျန်းနေ

လူထုကြားမှာ
အစွယ်တငေါငေါနဲ့ မာန်ဖီပြနေတဲ့
မိစ္ဆာခွေးဘီလူးတွေ
ခြေလှမ်းမှန်မှန်လျှောက်လည်း
လိုက်ဆွဲကိုက်သတ်
ခွေးအချင်းချင်းလည်း
လည်ဂုတ်ကိုက်ဖေါက်ပြီးသွေးစုတ်နဲ့
သောင်းကျန်းနေတဲ့ ဒင်းတို့ကို
မေတ္တာသုတ်နဲ့မရရင်

အချိန်အစားခံရသူများ



လူတွေကို...အချိန်က
မသိမသာဖဲ့ခြွေ  ကိုက်စားပစ်တတ်တဲ့ခြသတ္တဝါလို
အချိန်တွေကို ....လူကဝါးစားပစ်
နာရီလက်တံတွေမြိုချ
အမျှင်တန်းပြီး ကပ်တက်တဲ့ ပက်ကျိဟာ

အဆိုးရွားဆုံးကမ္ဘာကျော် ပန်းချီကားတစ်ချပ်


ကြည့်ပါဦး
ရလေရလေ အိုတစ္ဆေ
လမ်းလျှောက်စ ကလေးငယ်စိတ်နဲ့
ချော့မရ အော်မရ
အဆာမပြေတဲ့ မျက်လုံးများနဲ့
လူတကာ နှာခေါင်းရှုံ့
ဟောင်းနွမ်းဆုတ်ဖြဲထားတဲ့ ရက်စွဲများ
သမိုင်းမရှိ ရာဇဝင်မရှိ
အဖတ်မတင်
စုတ်ပြတ်သတ်နေတဲ့ ကုတင်ထက်

အိမ်ကြက်ခြင်း ခွပ်ခိုင်းတဲ့ဥပဒေ...

 မြန်မာတစ်ပြည်လုံး
လောင်တိုက်ထဲသို့
ထပ်မံသွတ်သွင်းခံရတဲ့...နှစ်
နှစ်ထောင့်တစ်ဆယ်
ဒီဇင်ဘာ...ဆယ့်ခွန်နှစ်ရက်..၊
ကမ္ဘာတ၀န်းက......