Saturday, March 2, 2013
ရိုမန်တစ်(ဇ်)မဟုတ်ဘူး လက်တွေ့ ဘ၀ပဲ..
ဝန်ထုတ် ၀န်ပိုးတွေ သယ်ဖို့ ပဲသိပြီး
သခင့်အလိုကျ ချောက်ရှိလည်း
မောင်းတိုင်းလျှောက်မယ့် သတ္တ၀ါဟာ
မြည်း သတ္တ၀ါပဲ
အနောက်လည်း မကြည့်
အောက်တည့်တည့် ကြည့်တတ်တာမျိုးပေါ့
ခမ်းနားကြီးကျယ်တဲ့
အဆောက်အဦ သစ်ကြီးထဲမှာ
မြည်း တွေကို
အ၀တ်တန်ဆာတွေဆင်ပေးလို့ 
ရွှေခွက်နဲ့  ၀ိုင် ဆက်တော့
မူးလို့  ရူးလို့ ကောင်းတုန်း
ငိုက်မြည်း လို့ ကောင်းတုန်း
ဘ၀ တစ်ခုလုံး ထိန်းချုပ်ခံရတာထက်
ငိုက်မြည်းရတာလောက် အရသာတွေ့ နေကြတယ်
အာဏာ ကြောင့် အဃာတ ရှိသလို
အဃာတ ကြောင့်လည်း အာဏာ ဖြစ်လာခဲ့တယ်
အဲဒီအတွက်
လယ်ယာမြေတွေ သိမ်းမယ်
မြက်တွေ  ပြန်စိုက်ထားကြမယ်
အချိန်တန်ရင်
မြည်း တွေကိုပြန်ကြွေးဖို့ အတွက်ပဲ
ရှေ့ နေနဲ့ တရားသူကြီးတွေက
ရယ်မော လှောင်ပြောင်နေကြတယ်
သူတို့ ထွေးထုတ်ထားတဲ့
တံတွေး သလိပ် အိုင်ထဲက
လူသားတွေက ယက်ကန်ယက်ကန်နဲ့ 
ရွံရှာ မုန်းတီးဖွယ်ကောင်းတဲ့ ဘ၀ကို
ဖြတ်သန်းဖို့  ရုန်းကန်နေကြရတယ်
ဒါဟာ...
ရိုမန်တစ်(ဇ်)မဟုတ်ဘူး
လက်တွေ့ ဘ၀ပဲ.........၊၊
         လူသစ်အမရပူရ
        ၂၈.၂.၂၀၁၃
<photo id="1" />
Tuesday, February 12, 2013
လက်သီးဆုတ်တွေ ဖြေပြီး လက်ဆွဲနူတ်ဆက်ကြည့်ပါ
ရိုးသားတဲ့..
ကမ္ဘာမြေပြင်ကိုအရောင်ဆိုးဖို့ 
အာဏာဆိုတာကိုမွေးဖွားခဲ့ကြတယ် ၊
မတည်မြဲတဲ့...
အာဏာဆိုတာကိုလွှမ်းမိုးဖို့ 
သြဇာဆိုတာကိုမွေဖွားခဲ့ပြန်တယ် ၊
မသန့် ရှင်းတဲ့...
သြဇာကို တည်မြဲဖို့ 
ထိုးဇာတ်တွေခင်း မွေဖွားလာခဲ့တယ် ၊
ကံကိုယုံ....
ဆူးပုံနင်းတတ်တဲ့သူတွေကြောင့်
ကံယုံသမျှ ကုန်ရန်သာ ရှိလိမ့်မည်ထင်ပါ့ ၊
လက်သီးဆုတ်ပြီး..
လက်ဆွဲနူတ်ဆက်နေသမျှတော့
တောင်ကတုံးတွေမှာ
ယမ်းငွေ့ တွေဝေလေပဲ ၊
ထမင်းကျွေးတဲ့လက်
ပြန်ကိုက်တဲ့ အစိုးရဖြစ်နေလေ
လမ်းဘေးကခွေးဝဲစား
ဘုံကျောက်မယ့်ကိန်းစိုက်လေပဲ  ၊
ပြည်သူဟာ...
အိမ်ကြီးရှင်ပဲဖြစ်တယ်
အိမ်စေဟာ..
အိမ်ရှင်ဖြစ်နေသမျှ
အိမ်တွင်းရေးဟာ
မငြိမ်းချမ်းမူ့ ပဲကြုံရဦးမှာပဲ ၊
အဖြူနဲ့ အမဲ
ဘယ်သူကမှားပြီး
ဘယ်သူကဖြူနေလဲ ၊
ကိုယ့်ဘက်ကကြည့်ရင်
လက်ဖ၀ါး...
သူ့ ဘက်ကဆို
လက်ဖမိုး..၊
မညီညာတဲ့..
လက်ချောင်းလေးတွေက
စိတ်ဆန္ဒအလျှောက် ဖမ်းဆုတ်တဲ့အခါ
ညီညွတ်လာတာကိုတွေ့ ရပါလိမ့်မယ် ၊
ဒါကြောင့်.....
လက်သီးဆုတ်တွေဖြည်ပြီး
လက်ဆွဲနူတ်ဆက်ကြည့်ပါ  ၊
ရိုးသားတဲ့...
မြန်မာ့မြေပြင်ကို
အရောင်ဆိုးမယ့်
အာဏာဆိုတာကို
စွန့် ပြစ်ကြည့်ပါ  ၊
ထမင်းကျွေးတဲ့လက်အား...
သစ္စာစောင့်ပေးကြည့်ပါ  ၊
အိမ်တွင်းရေးဟာ....
ငြိမ်းချမ်းလာပါလိမ့်မယ်  ၊
အိမ်တွင်းရေးငြိမ်ချမ်းပါမှ
လမ်းဘေးက ခွေဝဲစား
ဘုံပျောက်မယ့် ကိန်းက
ကင်းဝေးစေလိမ့်မယ်  ၊၊
၁၃.၂.၂၀၁၃ ဗိုလ်ချူပ်အောင်ဆန်း
မွေးနေ့ အမှတ်တရ.....
(ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ ...)
Friday, November 30, 2012
ဆောင်းပါး
မြန်မာနိုင်ငံ ကျွန်စနစ်နဲ့ ကျွန်အကျင့်(၂)
(၃)သယံဒါသ(ကျွန်စော်နံ့ မကင်းပဲကိုယ်တိုင်ပြန်ကျွန်ခံနေရသောကျွန်)
         နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်ကျော် ကျွန်သက်မကုန်သေးတဲ့မြန်မာနိုင်ငံသည်၊၊ကိုလိုနီခေတ်၊ဖက်ဆစ်ခေတ်နှင့် လွတ်လပ်ပြီး
မဆလ အလွန် န၀တ တက်ပြန်တော့ဆူပူလူပ်ရှားသူများဆိုပြီး ၊ ရဟန်းရှင်လူ ကျောင်းသားတွေကိုဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်၊၊
တစ်ချို့ က ထွက်ပြေးလွတ်မြောက်ပြီး တောခိုကြတယ်၊ တစ်ချို့ က နှစ်ရှည်အဖမ်းဆီးခံထောင်ကျကြတယ်၊၊
          တောခိုသူတွေကတော့ နီးစပ်ရာ စစ်အစိုးရကိုပုန်ကန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့ အစည်း အသီးသီးဆီကို ၀င်ရောက်ပြီးကျောင်းသားအဖွဲ့ တွေဖွဲ့ ၊လွတ်မြောက်နယ်မြေ ရောက် ပြည်တွင်းမှပါတီ တွေ ထပ်ထောင်ကြတယ်၊၊နီးစပ်ရာ
Wednesday, November 28, 2012
ဆောင်းပါး
မြန်မာ့နိုင်ငံရေးနှင့် ကျွန်စနစ် နဲ့ ကျွန်အကျင့်(၁)
       " နိုင်ငံခေါင်းဆောင် အစ စာသင်ကျောင်းထဲက".......   
    မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ
့ခေါင်းဆောင်ဗိုလ်ချူပ်ကြီးနေ၀င်းသည် ၊
(၂၆)နှစ်ကြာ ၁၉၆၂ခုနှစ်မတ်လမှာ အိမ်စောင့်အစိုးရ ဆိုပြီးနိုင်ငံတော်အာဏာကို သိမ်းယူခဲ့သူဖြစ်တယ်၊၊
နောက်ပိုင်း (၁၉၇၁)ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုပြင်ဆင်ဖွဲ့ စည်းခဲ့ပါတယ်၊၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ မူဝါဒလမ်းစဉ်ကို၊ မကြိုက်နှစ်သက်တဲ့သူမှန်သမျှ ဖြုတ်၊ ထုတ်၊ သတ်
ပါပဲ၊၊"ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ်" ဆိုတဲ့ မူကိုလက္ခံသုံးစွဲခဲ့ကြလို့ ပါပဲ၊၊ ဒါ့ကြောင့် အောက်ခြေပြည်သူတွေရဲ့ အခြေအနေဆိုးရွားမူ့ တွေကို အရှိကို အရှိတိုင်းမတင်ပြကြပဲလိမ်လည်တင်ပြမူ့ တွေကြောင့်၊ လမ်းစဉ်ပါတီဟာ
Wednesday, November 7, 2012
အဖိုးမိုင်း..သို့ ..တမ်းချင်း
--တိုင်းရင်းသားအရေး တွင်တွင် ဟစ်ကြွေးကြပါတဲ့ အဝေးရောက်... ကိုရွှေမြန်မာ တိုင်းရင်းသားတို့ ရယ် ညီညွှတ်စွာအရင် ပေါင်းစည်းကြစို့ လား...၊ --ပြည်တွင်းစစ် အစဉ်သာရပ်ဆဲဖို့  မသေခင်မြင်ချင်စမ်းပါတဲ့ သူ့ ဆန္ဒတွေ အဖိုးမိုင်းရယ်... အရိုးပြိုင်းပြိုင်းသာ မြေမှာ ဆွေးခဲ့ပြီပေါ့ ပြည်တွင်းစစ်
သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ
သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက်လုံးဖြင့် မြန်မာ အမျိုးသမီးငယ် များကို တရုတ်နိုင်ငံ ရှိ အမျိုးသား များနှင့် လက်ထပ်ရန် ပွဲစားများ အတင့် ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။ လက်ထပ်ပြီး ကလေး တယောက် မွေးပေးပါက
ကြေကွဲဖွယ် မန္တလေးအိမ်ဖော်ညီအစ်မ အညတရလေးများ၏ မူဆလင်နှင့် ရက်စက်မူ မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ အသက်(၁၄)နှစ်အရွယ် နှင့် အ သက်(၁၂)နှစ်အရွယ့်  ညီအစ်မ နှစ်ယောက်အား အလုပ်ရှင်ဖြစ် သော မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃ ×၈၄လမ်းကြား ညီနောင်စတီးဆိုင်ပိုင်ရှင် "မူဆလင်မိသားစု"များက ရိုက်နှက်နှိပ်စက် မဖွယ်မရာပြုမှုအား သွားရောက်စုံစမ်းသူများကို ....
Thursday, March 1, 2012
ဆန္ဒ
 ဖြစ်ချင်တာဖြစ်ဖို့ အတွက်
လုပ်သင့်တာအရင်လုပ်ရဦးမှာပဲ
တလံကွာမြင်ရပေမယ့်
လျှောက်ကြည့်မှဝေးဆိုသလို
ဆာလောင်ငတ်မွတ်မူ့ နှင့်အတူ
ဆန္ဒဟာ.......
စေတီခြေရင်း
ကံတရားရဲ့.အစီမံ
တရားရဲ့ကံတော့
ရင်ညွှန့်ကျိုးခဲ့ပြီးပြီ ........
ကြမ္မာငင် ငြိမ်းအေးစေဖို့
ရွာဦးကအေးငြိမ်းစေတီမှာ
ပန်း ဆီမီး ရေချမ်းကပ်ရင်း
ဂြိုလ်ပြေ နံပြေ ဘုရားမှာ
Tuesday, February 28, 2012
မျိုးကောင်းသား
မျိုးကောင်းသားဆို
ဝန်တိုကင်းလို့ 
ကူညီရိုင်းပင်း
အမြဲရှိစေ............၊
မျိုးရိုးဂုဏ်အား
စဉ်စောင့်ထိန်းလို့ 
မျိုးကောင်းသမီးအား
စောင့်ရှောက်လေ....၊
လောကမှာငွေ
ငွေသာပဲလို့ 
မျိုးကောင်းသမီး
ကိုယ်ကျင့်သိက္ခာ                          
 စဉ်ခိုင်မြဲလို့                                  
ဘယ်သူဖျက်ဖျက်                           
မပျက်သင့်ပေ.......၊
လောကမှာငွေ
ငွေသာပဲလို့ 
အယူမှားတော့
အခက်တွေ့ စေ......၊
လူမျိုးပေါင်းစုံ
ထည်လဲတွဲလို့ 
Monday, February 27, 2012
တမ်းတမ်းတတ
တွယ်တာတတ်တဲ့
တောင်တန်းတွေ........
တမ်းတတတ်တဲ့
တောတန်းတွေ.........
တွေးတောတတ်တဲ့
Monday, April 25, 2011
အမေ့အိမ်မှကျေးဇူးတင်စကား.....
Tuesday, April 26, 2011
အမေ့အိမ်မှကျေးဇူးတင်စကား။
သင်္ကြန်အပြီးမှာ ပြင်ဆင်တိုးချဲ့  ဆောက်လုပ်ပြီး အမေ့အိမ်ပညာဒါနကျောင်းကို အားလုံး ၀မ်းသာရအောင် တင်ပေးလိုက်ပါတယ်။ သင်္ကြန်တွင်းမှာ ကျောင်းကော်မတီဝင်တွေ အနားမယူပဲ လုပ်အားပေးခဲ့လို့ အမေ့အိမ်ဟာ အခုဆို တိုးတက်ကျယ်ဝန်း လာခဲ့ပါပြီ။ ပိုပြီး သပ်ရပ်ကျယ်ဝန်းလာတဲ့ အမေအိမ့်မှာ တိုင်းပြည်ရဲ့  ရတနာလေးတွေ အေးချမ်းစွာ ပညာသင်ယူနေကြပါပြီ...။
(၁) ကျောင်းကော်မတီရဲ့  ကြိုးစားအားထုတ်မှု
(၂) အလှူရှင်များရဲ့  စေတနာထက်သန်မှု
(၃) ကျောင်းသားမိဘတွေရဲ့  ၀ိုင်းဝန်းကူညီမှု
(၄) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ နားလည်လက်ခံပေးမှု
တို့အပေါ်အထူးကျေးဇူးတင်ပါကြောင်း မင်္ဂလာရှိတဲ့ နှစ်သစ်ဦး မှာ အားလုံးရဲ့ ကိုယ်စားပြောပါရစေ။ ကျောင်းကော်မတီဝင်များရဲ့  ပြောကြားချက်အရ Summer Course အားလုံးကို May 29th မှကျောင်းဆင်း လက်မှတ်အပ် နှင်းပွဲနဲ့ ဆရာကန်တော့ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ ပညာသင်နှစ် သင်တန်းတွေကိုတော့ 1st June နေ့မှပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ 1st June မှ Computer သင်တန်းကိုလည်း စတင် သင်ကြားပေးနိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ်
Saturday, April 23, 2011
ဒေါ်အောင်ဆန်းစုကြည်ကို ပျော့တယ်၊မာတယ်၊ အားမရဘူး လို့ပြောနေသူတွေ ဖတ်ဘို့
ပုဇင်းရင်ကွဲအော်သံများ
မကြာသေးခင်တုံးက အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး သီအိုရီများစွာ၊ နည်းလမ်းများစွာကို ရေးသားခဲ့သူ ဒေါက်တာ ဂျင်းရှပ်ရဲ့ အင်တာဗျူးတခုကို ဘီဘီ ကနေ ပြန်လည်ထုတ်လွှင့်ပေးခဲ့တယ်။ အင်မတန်ကောင်းမွန်တဲ့ အမေးအဖြေတွေပါ။ “ အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ ပါးတချက်ရိုက်ခံရရင် နောက်ထပ်ပါးတချက် ထိုးပေးတဲ့အလုပ်မျိုးမဟုတ်ပါဘူး။ သိတ်တော့ မအနဲ့ပေါ့ဗျာ။ အာဏာရှင်ဆိုတာက နည်းပေါင်းစုံနဲ့ ဖြိုခွဲဖိနှိပ်မှာပဲ။ ကိုယ့်ဘက်က စံနစ်တကျပြန်လည်ပြင်ဆင်ဖို့လည်း လိုတာပေါ့” တဲ့။ မှန်တာပေါ့။ အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ