--တိုင်းရင်းသားအရေး
တွင်တွင် ဟစ်ကြွေးကြပါတဲ့
အဝေးရောက်...
ကိုရွှေမြန်မာ တိုင်းရင်းသားတို့ ရယ်
ညီညွှတ်စွာအရင် ပေါင်းစည်းကြစို့ လား...၊
--ပြည်တွင်းစစ် အစဉ်သာရပ်ဆဲဖို့ 
မသေခင်မြင်ချင်စမ်းပါတဲ့ သူ့ ဆန္ဒတွေ
အဖိုးမိုင်းရယ်...
အရိုးပြိုင်းပြိုင်းသာ
မြေမှာ ဆွေးခဲ့ပြီပေါ့
ပြည်တွင်းစစ်
ငြိမ်းချမ်းရေးဆိုတာ
ရွှေပြည်တော် မျှော်တိုင်းဝေးထင်ပါ့.....၊
--ချော်တော်တော်
နိုင်ငံတည်ထောင်ချင်သူ
မိုက်စိတ် တွေးတွေကြောင့်
ညီညွှတ်မူ့  ကင်းဝေးနေရင်ဖြင့်
ပြည်သူကို စစ်ကျွန်လက်အောက်သို့ 
တဖန်ပြန် တွန်းပို့ နေလျှင်
ပြည်သူမှာ...
ဘ၀င်အေးလိမ့်မည်ထင်ပ
(ကိုရွှေမြန်မာ တိုင်းရင်းသားတို့ ရယ်)
ညီညွတ်စွာ လက်တွဲနေမှ
ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ
အရှေ့ ဘက်က နေ၀န်းထွက်သည့်နှယ်
လင်းလု ရောင်နီသန်း....၊၊ ၊၊
လူသစ်.အမရပူရ (၁၈.၉.၂၀၁၂)
No comments:
Post a Comment