Thursday, March 1, 2012

စေတီခြေရင်း


ကံတရားရဲ့.အစီမံ
တရားရဲ့ကံတော့
ရင်ညွှန့်ကျိုးခဲ့ပြီးပြီ ........
ကြမ္မာငင် ငြိမ်းအေးစေဖို့
ရွာဦးကအေးငြိမ်းစေတီမှာ
ပန်း ဆီမီး ရေချမ်းကပ်ရင်း
ဂြိုလ်ပြေ နံပြေ ဘုရားမှာ

 
 ဂြိုလ်နံပြေဖို့
ဘယ်ညာ သက်စေ့ပတ်ရင်း............
ကိုယ်ကိုတိုင် ကပ်လှုထားတဲ့ ရေချမ်း
အမောပြေ ပြန်သောက်ရတဲ့ ဘဝ
လယ်ကွင်းကို ဖြတ်သန်းလာတဲ့
လေနုအေးလေးက
ရင်တွင်းပူလောင်မှု့ကိုတော့
ဘုရားကဆည်းလည်းသံနှင့်အတူ
ခဏတာ............
 အေးမြစေတာတော့ အမှန်ပဲ ...........၊၊


                             လူသစ်.အမရပူရ

No comments:

Post a Comment