ရဟန်းအစ်မ ဒေါ်အောင်ဆန်းစုကြည်
တနင်္ဂနွေနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ရွှေတောင်ကုန်းရပ်ကွက် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့က ဦးဆောင်၍ သံဃာတော်များကို ယနေ့ မနက် ၉နာရီက သိမ်ဆင်းလောင်းခြင်း၊ ဆွမ်းကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း လည်းသိရှိရပါသည်။
“ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမလုပ်ပြီးတော့ ၅ ပါး၊ ကျန်တဲ့ အလှူရှင်တွေက ၃၅ ပါး ပေါင်းပြီးတော့ သံဃာအပါး ၄၀ ရဟန်းခံပေးခဲ့ပါတယ်။ သိမ်တက် တရားနာပြီးတော့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အဖွဲ့ချုပ်ဝင်တွေ၊ တခြား ရဟန်းဒကာ ဒကာမတွေနဲ့ ဆွေမျိုးသားချင်းတွေက သိမ်ဆင်းလောင်းခဲ့သည်။
အဖွဲ့ချုပ်ဝင် လူငယ်များအနက်မှ ၅ ဦးကို ဒုလ္လဘမဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်
ပြီး ကိုသီဟန်၊ ကိုငြိမ်းမောင် ၊ ကိုသက်အောင်၊ ကိုသက်မင်းသိန်း ၊ ကိုငြိမ်းချမ်းသူတို့ မဲပေါက်ကာ ရဟန်းပြုခွင့် ရခဲ့ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သွားသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(Kim Airs) သင်္ကြန်ကာလအတွင်း ဒုတိယအကြိမ် လာရောက်ပြီး ရဟန်းခံရန် စီစဉ်ထားသော်လည်း ရောက်ရှိမလာသေးကြောင်းသိရှိရပါ သည်။
ပြည်တွင်းမှ ပေးပို့လားသော မေးထဲမှတင်ပြပါသည်။
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သွားသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(Kim Airs) သင်္ကြန်ကာလအတွင်း ဒုတိယအကြိမ် လာရောက်ပြီး ရဟန်းခံရန် စီစဉ်ထားသော်လည်း ရောက်ရှိမလာသေးကြောင်းသိရှိရပါ
ပြည်တွင်းမှ ပေးပို့လားသော မေးထဲမှတင်ပြပါသည်။









No comments:
Post a Comment