Monday, April 11, 2011

အိမ်ကြက်ခြင်း ခွပ်ခိုင်းတဲ့ဥပဒေ...

 မြန်မာတစ်ပြည်လုံး
လောင်တိုက်ထဲသို့
ထပ်မံသွတ်သွင်းခံရတဲ့...နှစ်
နှစ်ထောင့်တစ်ဆယ်
ဒီဇင်ဘာ...ဆယ့်ခွန်နှစ်ရက်..၊
ကမ္ဘာတ၀န်းက......


လေးစားလိုက်နာပါတဲ့...ဒီလွှတ်တော်
ဥပဒေပြု သဘောထား.....?
ကွက်ကျော်ကာ စီမံလိုက်ပေါ့
စစ်မှု့မထမ်းမနေရ...တဲ့...၊
သူ့....ကိုယ်ကျိုးကာကွယ်
သူ့....အင်အားကြီးဖို့
သူ့....မြေးကိုအစားထိုး
သူ့....စိတ်ယုတ်အကြံနဲ့
လူငယ် ကွန်ယက်
ဖျက်ဆီးကာတဆက်ထဲ
ပြည်တွင်းက လူငယ်
ပြည်ပ ကိုသူမောင်းထုတ်
စိတ်ယုတ်မာအကြံနဲ့
မစားရသဲနဲ့ပက်
ထောင်ဒဏ်ငါးနှစ်....တဲ့..၊
ဘုရားထူး ကျွန်စနစ်..နဲ့
လက်အုပ်ချီဂါရဝ
ပျက်သုန်းအောင်ဖြတ်ခဲ့ပေမယ့်
ရာဇ၀င်ရိုင်းစွာ
ပြန်လည်ကာအသက်သွင်းနေပြီမို့..၊
မစားပဲ စွန့် ခဲ့တဲ့....
ဗိုလ်ချုပ်လမ်းစဉ်
နောက်လူတွေ..
မစွန့်ပဲ စားနေကြပြီမို့
ပြည်တွင်းကငတ်ဘေးကြုံ
ကြာလာရင်အမှန်တကယ်ဖြစ်တော့မှာပ ၊
ဗိုလ်ချုပ်ရယ်....
အမှန်တကယ်သိခဲ့လေသလား
မကြာခင် ဖာ နိုင်ငံ ဖြစ်တော့မှာမို့
အတွင်း ပြင်လူငယ်များတို့ ရယ်
မျိုးကောင်းသမီးကာကွယ်ရင်းဖြင့်
တို့တိုင်းပြည်...
စစ်ကျွန်လက်အောက်မှ
တွန်းလှန်ကာတော်လှန်ကြစို့ရဲ့
မျိုးမြတ်ဇာနည်တို့.......၊၊


                  လူသစ်.အမရပူရ

No comments:

Post a Comment