Labels
- ကဗျာ (12)
- ကာတွန်း (1)
- စာအုပ်စဉ် (1)
- ဓါတ်ပုံများ (7)
- သတင်းစုံ (7)
- အသံဖိုင်များ (10)
- ဆောင်းပါး (2)
Monday, April 11, 2011
အချိန်အစားခံရသူများ
လူတွေကို...အချိန်က
မသိမသာဖဲ့ခြွေ ကိုက်စားပစ်တတ်တဲ့ခြသတ္တဝါလို
အချိန်တွေကို ....လူကဝါးစားပစ်
နာရီလက်တံတွေမြိုချ
အမျှင်တန်းပြီး ကပ်တက်တဲ့ ပက်ကျိဟာ
လူသတ္တဝါဘဲ
တက်ကြွတဲ့....စိတ်
အိပ်ယာထဲ ဘုန်းဘုန်းလဲနေ
ထူပေးမယ့်စိတ်ဓါတ်က အကျဉ်းကျ
သွေးကြောတွေထဲမှာ ဖြုန်းတီးမှုတွေစီးဆင်း
သုံးစားမရတဲ့ ကိုယ်ကျင့်တရား
အပေါင်ဆိုင်ပို့ လက်မခံတော့
မြောင်းထဲကန်ချ....။
လက်တွေက
လေထဲမှာမာန်ပါပါမြှောက်ပြီး
သံပြိုင်အော်ဟစ်လို့
ခေါင်းငုံ့လျောက်နေတဲ့ လမ်းဟောင်းတဖက်မှာ
အဆီ ..အသွေး...အသားတို့ကို
မက်မောစွာသောက်သုံးဖို့စောင့်နေတဲ့
မီးလောင်သစ်ငုတ်တိုပေါ်က နတ်ဆိုး
လှောင်ပြုံးပြုံးနေတဲ့နာရီပျက်တွေကြားက
ဆန်ပြုတ်တောင်နပ်မမှန်တဲ့
မက္ကင်းနစ် နာရီပြင်သမား
ခေါင်းရွက်ဗြတ်ထိုးဈေးသည်မက
မချိပြုံးပြုံးပြသွား
အချိန်မရှိဘူးမောင်းဆရာရေ့
စပယ်ယာရဲ့ ...အသံ
လှောင်တာလား ပြောင်တာလား
ဝေခွဲမရ.........။
ရှေ့စိုက်ကြည့်တော့
အချိန်ကိုရှာမတွေ့
တွေ့နေတာကနာရီပျက်များ
အချိန်တွေပိုနေလို့မလိုကြတာလား
အချိန်ရဲ့နောက်ကလိုက်တဲ့သူနဲ့
ရှေ့ကသွားတဲ့ သူကောရှိနေမလား
ဒါဆိုငါကဘာလဲ
ထိုင်စောင့်နေတဲ့သူပဲလား...
အချိန်ကိုလူက စားသုံးပစ်နေလား...
လူကိုအချိန်ကဝါးမြိုနေသလား
ရိုးရှင်းစွာပြောရရင်
ခြင်ထောင် , ထောင် မီးခွက်မှုတ်
အိပ်တတ်တဲ့ သူတွေရှိနေသမျှတော့
အချိန်ရဲ့..မြိန်ရှက်စွာ စားသုံးမှုကို
ခံရဦးမှာ ဧကန်ပါဘဲ...။ ။
လူသစ်.အမရပူရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment