လူထုကြားမှာ
အစွယ်တငေါငေါနဲ့ မာန်ဖီပြနေတဲ့
မိစ္ဆာခွေးဘီလူးတွေ
ခြေလှမ်းမှန်မှန်လျှောက်လည်း
လိုက်ဆွဲကိုက်သတ်
ခွေးအချင်းချင်းလည်း
လည်ဂုတ်ကိုက်ဖေါက်ပြီးသွေးစုတ်နဲ့
သောင်းကျန်းနေတဲ့ ဒင်းတို့ကို
မေတ္တာသုတ်နဲ့မရရင်
မေတ္တာ ဒုတ်နဲ့ရိုက် သတ်ဖို့ပဲရှိတယ်...
ဒီခွေးဆိုးတွေကို
ရှိသမျှအားအင်တွေနဲ့နှိမ်နင်းကြမယ်
ကိုယ့်ရွာတွင်းကလူထုကို
ဒုက္ခပေးနေတဲ့ ဒင်းတို့ကို
သင်တို့ကြောက်နေကြရင်
ရှေ့ လျှောက်မယ့် သင်တို့ရဲ့
ခြေလှမ်းတိုင်းကို နှောင့်နှေးအောင်
ခြိမ်းခြောက်နေမှာပဲ
အဲဒီတွက် ငြင်းမရတဲ့သက်သေဟာ
အတိတ်ပဲ.....
တိရိစ္ဆာန်တိုင်းမှာ
ဘာသာတရားဆိုတာမရှိဘူး
လူတွေမှာ ကိုယ်ယုံကြည်ရာ
ဘာသာတရားဆိုတာ
အမိအဖနှင့် တဂိုဏ်းထဲပဲလို့
ယူဆကြမယ်ဆိုရင်...
အလိုတူတူမတူတူ
ဆတိုပွားများနေတဲ့
ဒင်းတို့ရဲ့ ဒီအင်န်အေတွေ
မျိုးတုန်းသုတ်သင်ဘို့
ဘာသာတရားရှိတဲ့လူတိုင်းမှာ
တာဝန်အရှိဆုံးပဲ...
သံပုန်းတီးခြောက်လှန့်မရတဲ့
မိစ္ဆာခွေးဘီလူးတွေကို
အရိန္ဒမာ လှံသာရှိရင်ဆိုတဲ့
အတွေးကိုဖျောက်လို့
ပြည်သူ့ဘဏ္ဌာ
ဘိုးဘွားအမွေတွေကို
ဝါးမြိုဖျက်ဆီးနေတဲ့
ဒင်းတို့ရဲ့ ရုပ်သဏ္ဌာန်က
တိရိစ္ဆာန် ဘုံဋ္ဌာနဍ်
ငရဲခွေးကြီးများအလား...
တစ်နေ့
ေ၇ွှငွေ ကျောက်သံပတ္တမြားအစား
မီးကျီးခဲရဲရဲတွေ
ဝါးမြိုနေမှာကိုတော့မြင်ယောင်မိပါရဲ့ 
လျှောက်မယ့်ခြေလှမ်းတိုင်း လုံခြုံဘို့
စစ်ဘီလူးခွေးကြီး
သောင်းကျန်းနေဆဲမို့
ဒင်းတို့အားနှိမ်နင်းရင်း
သင်တို့သတိမပေါ့ ကြပါနဲ့...........။ ။
လူသစ်အမရပူရ
No comments:
Post a Comment